Loading

23 November 2023 ____ MTF
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀) နာရီ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သတင်းနှင့် ပြန်ကြားရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအား အဖွဲ့ချုပ်၌ ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်နေသော တရားဝင် Website နှင့် Facebook တို့နှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ သတင်းများထုတ်ပြန်ရာတွင် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ပြန်နိုင်ရေး၊ ညီနောင်အသင်းများနှင့် အခြားသော ကော်မတီများ၏ ထုတ်ပြန်လိုသော သတင်းများအား စီစစ် ထုတ်ပြန်ပေးနိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော သတင်းနှင့် ကြေငြာချက်များအား ပြန်လည်ဖော်ပြပေးနိုင်ရေး၊ အလုပ်အမှုဆောင်များတက်ရောက်သော ပြည်တွင်း/ပြည်ပ အခမ်းအနားများ၏ သတင်းဓါတ်ပုံများ စုစည်းပြီး ထုတ်ပြန်ပေးနိုင်ရေးတို့အား တက်ရောက်လာသူများမှ ‌ဆွေးနွေးခဲ့ကြပါသည်။