Loading

24 November 2023 ______ Hybrid System
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ၏ (၂/၂၀၂၃)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၁း၃၀) နာရီတွင် Hybrid စနစ် ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် (၁/၂၀၂၃)ကြိမ်မြောက် အသင်းသားရေးရာ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြအတည်ပြုခြင်း၊ အသင်းဝင်သစ် စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ အသင်းသားလက်ခံရေးဆိုင်လုပ်ငန်းစဥ်အား ဆွေးနွေးခြင်း၊ ကော်မတီ၏ Charter နှင့် Strategic Plan အား ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခြင်း၊ ကော်မတီမှ ဦးဆောင်၍ Members’ Day များကို ပုံမှန်ကျင်းပသွားနိုင်ရန် ဆွေးနွေးခြင်း၊ ပွင့်လင်းမြင်သာမှု ရှိပြီး အပြန်အလှန် ယုံကြည်မှု ရှိသော အသင်းယဉ်ကျေးမှုတည်ဆောက်နိုင်ရေး အတွက် Code of Conduct ရေးဆွဲနိုင်ရေး ဆွေးနွေးခြင်း၊ ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်သူများမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။