Loading

26 December 2023 _____ Hybrid Meeting
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် (၁) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များထဲမှ ကော့သောင်း လေဆိပ်အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်း၊ တာချီလိတ်နယ်စပ်မှ ပြည်ပဧည့်သည်များ ဝင်ရောက်ခွင့် ပြုသည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံတကာ မီဒီယာများသို့ လျှင်မြန်စွာပြန့်နှံ့နိုင်ရေးဆွေးနွေးခြင်းနှင့် အခြားသော ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား တက်ရောက်သူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။