Loading

October 2, 2023 _______ MTF (Hybrid Meeting)
အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့(၂.၁၀.၂၀၂၃)ရက်နေ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင် (Hybrid)ကျင်းပရာ အလုပ်အမှုဆောင်‌ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးဗဟိုကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး
ရွေးချယ်တင်မြှောက်မှုဆိုင်ရာနည်းလမ်းများဆွေးနွေးခြင်း၊ အခြားအသင်းသားအစုအဖွဲ့မှ အမည်စာရင်းပေးသွင်းလာသော ကိုယ်စားလှယ်လောင်းများ စာရင်းအားတင်ပြအတည်ပြုခြင်း၊ ညီနောင်အသင်းများမှပေးပို့လာသည့် အလုပ်အမှုဆောင်စာရင်းများအား တင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်မည့်နည်းလမ်းများအား ဆွေး‌နွေးသတ်မှတ်ခြင်းတို့အား တက်ရောက်ကြသူများမှ ဆွေးနွေးခဲ့ကြသည်။
၄င်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ယခင်ညီနောင်အသင်းများသည် အချိန်မရွေး ရာသက်ပန်ညီနောင်အသင်းအဖြစ် အသင်းဝင်ရောက်နိုင်မည်ဖြစ်ပြီး (၂၀၂၃-၂၀၂၆)ခုနှစ် အလုပ်အမှုဆောင်သက်တမ်းတွင် အလုပ်အမှုဆောင်အဖြစ် ပါဝင်ဆောင်ရွက်လိုပါက (၇.၁၀,၂၀၂၃) ရက်နေ့နောက်ဆုံးထား အသင်းဝင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မတီမှ ဆုံးဖြတ်ခဲ့သည်။