Loading

October 8, 2023 __________ MTF
အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေး ကော်မရှင်နှင့် ပထမအကြိမ်တွေ့ဆုံပွဲ အစည်းအဝေးအား ယနေ့ နံနက်(၁၀)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင်ကျင်းပရာ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ မှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစီအစဥ်အရ အလုပ်အမှုဆောင် ဦးအောင်မိုးကြည်မှ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်း (၂၀၂၃)ပါ ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ စည်းမျဥ်းများအား ရှင်းလင်းတင်ပြခြင်း၊ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်မှ သိလိုသည်များ မေးမြန်းခြင်းနှင့် လိုအပ်သည်များ အကြံပြုဆွေးနွေးခြင်း၊ ရွေးချယ်တင်မြှောက်ပွဲဗဟိုကော်မတီ၏ ဒုတိယအကြိမ်အမြှောက် အစည်းအဝေးတွင် ကနီးစိစစ်အတည်ပြုခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့(၆၂)ဦးစာရင်းအား တင်ပြခြင်း စသည်တို့အား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။