Loading

22 February 2024 _____ Hybrid Meeting
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားကာ (၃/၂၀၂၃)ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား အတွင်းရေးမှူးမှ တင်ပြခြင်း၊ လက်ရှိအသင်းဝင်စာရင်းနှင့် အသင်းဝင်အသစ် လျှောက်လွှာများအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ကော်မတီ Strategic Plan အား အတည်ပြုခြင်း၊ ကော်မတီ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မူဝါဒများအား အတည်ပြုခြင်း၊ Member Survey ရလဒ်များအား ဆွေးနွေးခြင်း၊ လေ့လာရေးခရီးစဥ်များ စီစဥ် နိုင်ရန် Study Tour Team ဖွဲ့စည်းခြင်း၊ တွေ့ဆုံပွဲများ စီစဥ်ရန် Event Team ဖွဲ့စည်းခြင်း၊ ကော်မတီ၏ ပုံမှန်အစည်းအဝေးများကျင်းပရန် သတ်မှတ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအား တက်ရောက်ကြသူများမှ အား အသီးသီး အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁း၃၀)တွင် ပြီးဆုံးခဲ့သည်။