Loading

8 March 2024 _________ MTF
၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်၊ နေ့လယ် (၁) နာရီတွင်  အိန္ဒိယနိုင်ငံ G.S. Marketing Associates မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Utpal Roy နှင့် စီးပွားရေးသံမှူး ဦးကောင်းထွဋ်အောင် တို့(၂)ဦးမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံပြီး အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ကျင်းပပြုလုပ်မည့် India International Mega Trade Fair – IIMTF 2024-2025 တွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များပါဝင်ပြသနိုင်ရန် အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှ ဖိတ်ကြားခြင်း၊ ပြပွဲနှင့်ပတ်သက်၍ ဗီဒီယိုနှင့်တကွ အသေးစိတ် ရှင်းလင်းတင်ပြခြင်း၊ ၄င်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားလုပ်ငန်းရှင်များ IIMTF တွင် ပါဝင်ပြသနိုင်ရေးအတွက် သိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းနှင့် နှစ်နိုင်ငံအကြား ခရီးသွားလာမှုတိုးတက်လာရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးအား နေ့လယ် (၂)နာရီတွင် ပြီးဆုံးခဲ့သည်။