Loading

24 January 2024 _______ Virtual Meeting
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၂၄ ) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သုတေသနနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ (၁/၂၀၂၃)ကြိမ်မြှောက် ကော်မတီအစည်းအဝေးမှတ်တမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များအား ကော်မတီအတွင်းရေးမှူးမှ ဖတ်ကြားတင်ပြခြင်း၊ ဆက်လက်၍ အသင်းဝင် သင်တန်းကျောင်းများ၏ တရားဝင်ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သင်ရိုးစံနှုန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ အသင်းဝင်များ၏ သင်တန်းဆင်းလက်မှတ်များတွင် အဖွဲ့ချုပ်မှ ထောက်ခံချက်ပေးနိုင်ရန် သင်တန်းကျောင်းများ၏ သင်ရိုးများစံနှုန်းပြည့်မှီမှု ရှိ/မရှိ တို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးအား နံနက် (၁၁း၄၅)တွင် ပြီးဆုံးခဲ့သည်။