Loading

September 27, 2023 _______ MICC 2, Naypyitaw
၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို (၂၇.၉.၂၀၂၃)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂) ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ တက်ရောက်ကြပြီး ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းအား ပါဝင်ပြသခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများသို့ လှည့်လည်ကြည့်ရှုရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးမှ တရုတ်ခရီးသွားမြှင့်တင်ရေးအတွက် တရုတ်ဘာသာဖြင့် ပြင်ဆင်ထားရှိသော visitmyanmar.cn ဝက်ဆိုဒ်နှင့်ပတ်သက်၍ ဧည့်သည်များအတွက် သိသင့်သိထိုက်သော ‌နောက်ဆုံးရ ကြေငြာချက်များ လွင့်တင်ထားရှိမှု၊ အခြားသော Digital Marketing နှင့်ပတ်သက်၍ ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ ညီနောင်အသင်းများမှ ၄င်းတို့ လက်ရှိဆောင်ရွက်နေသော ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Myanmar Tourism Mart 2024 Virtual Online Trade Fair ကျင်းပရန် စီစဥ်ထားရှိမှု၊ Bloggerများ၊ Tour Operatorများ၊ ခရီးသွား အေဂျင်စီများပါဝင်သော Russia FAM Trip စီစဥ်ထားရှိမှုနှင့် သွားရောက်လည်ပတ်မည့် ဒေသများ စီစဥ်ထားရှိမှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း တနင်္သာရီဇုန်မှ ပုလဲမွေးမြူထုတ်လုပ်ခြင်း အဆင့်ဆင့်တို့အား ခရီးသွားဧည့်သည်များ လေ့လာကြည့်ရှုနိုင်ရန် ပြင်ဆင်ထားရှိခြင်းတို့အား တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်။