27 September 2026 _____ Nay Pyi Taw
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သည့် “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့” နှင့်အညီ ခရီးသွားလုပ်ငန်းတွင် ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများ အသုံးချရေး၊ MSME လုပ်ငန်းရှင်များပါ နည်းပညာ၏ အကျိုးကျေးဇူးများ ရရှိနိုင်ရေးနှင့် ခရီးသွားကဏ္ဍ ပိုမိုတိုးတက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ဆောင်မှုစွမ်းဆောင်ရည်အကောင်းဆုံးဆုများနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
Photo:MCHT







