Loading

26 April 2024 _____________ Virtual Meeting
တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် တရုတ်ခရီးသွားများ ပိုမိုလည်ပတ်လာရေးအတွက် တရုတ်နိုင်ငံရှိ ခရီးသွားလုပ်ငန်းရှင်များ၊ မီဒီယာများပါဝင်သော လာမည့် မေလတွင် လာရောက်မည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ နံနက် (၁၀)နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တရုတ်ခရီးသွားလုပ်ငန်းအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပို့ဆာာင်ရေး လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ခရီးစဥ်အောင်မြင်ရေးအတွက် လိုအပ်သည်တို့အား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။