Loading

02 January, 2024 _________ MTF
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်၊ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ Fauna & Flora-Myanmar Programme အဖွဲ့မှ Prof. Philip Dearden, the Voluntary Partnership Agreement (VPA) Policy Development Advisor ၊ U Zaw Lunn, Marine and Freshwater Programme Manager နှင့် အဖွဲ့ဝင်များမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေးတို့ လက်ခံတွေ့ဆုံခဲ့ကြသည်။
၄င်းတို့အနေဖြင့် မိမိဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီချက်မူဝါဒ (The Voluntary Partnership Agreement – VPA Policy) ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန်နှင့် – VPA Policy မှတဆင့် Tourism Stakeholder များ အကျိုးကျေးဇူးရရှိနိုင်ရန်နှင့် အဏ္ဏဝါရေကြောင်း စီမံခန့်ခွဲမှုဆိုင်ရာ အကြံဥာဏ်အချို့အား ရယူလိုသည့်အတွက် MTF နှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ Eco Tourism Site များအား စီမံခန့်ခွဲရာတွင် Stakeholder များ၏ အခန်းကဏ္ဍများကို အားကောင်းစေရန် VPA မူဝါဒကို ရေးဆွဲလျက်ရှိပါကြောင်းနှင့် Prof. Philip Dearden မှ ဒေသအတွင်းရှိ အဏ္ဏဝါအရင်းအမြစ်များအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ပါသည်။
အဖွဲ့ချုပ် တက်ရောက်သူများမှ မြန်မာနိုင်ငံတွင် Marine Tourism ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တနင်္သာရီတိုင်းတွင် ဌာနဆိုင်ရာများ၊ ဒေသခံများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Marine Conservation ဆိုင်ရာ လုပ်ငန်းများနှင့် Awareness Program များဆောင်ရွက်ပေးနေမှုအခြေအနေများ ရှိပါကြောင်း၊ အဏ္ဏဝါလုပ်သားများအား ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိစေနိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေးအတွက် Fauna & Flora-Myanmar Programme အဖွဲ့ဘက်မှ ရန်ပုံငွေပံ့ပိုးပေးမည်ဆိုပါက MTF အနေဖြင့် HRD Committee, MTHRDA အသင်းတို့နှင့် ညှိနှိုင်း၍ ဆရာများ စေလွှတ်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ပြီး မပျက်စီးစေရန်အတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများတွင် အဖွဲ့ချုပ်မှ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် လိုအပ်သည့်ကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးအား နံနက် (၁၁)နာရီခွဲတွင် ပြီးဆုံးခဲ့သည်။