Loading

8 December 2023 _______ Virtual Meeting
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ နံနက် (၉း၃၀) နာရီတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ Virtual စနစ်ဖြင့် ကျင်းပရာ MTDB ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အား လေ့လာထားရှိမှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြရန်အတွက် မြန်မာနိုင်ငံခရီးလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများနှင့် အကြီးတန်းအကြံပေးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အကြီးတန်းအကြံပေးမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Myanmar Tourism Development Board – MTDB) ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းပုံများ၊ ထိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် လုပ်ဆောင်နေမှုများ ၊ ဘဏ္ဍာငွေ ရှာဖွေ သုံးစွဲမှုများနှင့် စီမံခန့်ခွဲပုံ အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌမှ မြန်မာ့ခရီးသွား မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်မှု အစီအစဥ်အား တာဝန်ခွဲဝေမှုနှင့် ရည်ညွှန်းကုန်ကျစရိတ်တို့အား အသေးစိတ်ရှင်းလင်းတင်ပြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အဖွဲ့ချုပ် တင်ပြမှုအပေါ် လိုအပ်သည်တို့အား ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးအား နံနက် (၁၂း၀၀) တွင်ပြီးဆုံးခဲ့သည်။