Loading

08 December 2024 _____ Hybrid Meeting
MTDB ဖွဲ့စည်းရေးအတွက် အဖွဲ့ချုပ်မှ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ ညှိနှိုင်း အစည်းအ‌ဝေးအား ယနေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့်ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင် အကြံပေးတို့ တက်ရောက်ကြသည်။အစည်းအဝေးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတိုးတက်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုချက်နှင့် ဥပဒေရေးရာများ ဆွေးနွေးခြင်း၊ လျာထားဖွဲ့စည်းပုံအသေးစိတ်နှင့် လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းစျေးကွက်ရှာဖွေမြှင့်တင်ဆောင်ရွက်မည့် ဦးတည်စျေးကွက်နိုင်ငံများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ် Marketing ဖြင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်ရာတွင် Cost Effective ဖြစ်ပြီး ထိရောက်စေမည့် ခရီးသွားမြှင့်တင်ရေး နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ရန်ပုံငွေထူထောင်ရာတွင် အစိုးရ ၊ ပုဂ္ဂလိက ပါဝင်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ရရှိဘဏ္ဍငွေများအား ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းများနှင့်အညီ အသုံးပြုမည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။