၁၀-၆-၂၀၂၆ရက်နေ့မှ ၁၂-၆-၂၀၂၆ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းခရီးသွားပြပွဲ-၂၀၂၆ (Thailand Travel Mart TTM+2026) သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ဦးမောင်မောင်ကျော်နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်ဦးသိန်းထွေးနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံခရီးသွားနှင့်အားကစားဝန်ကြီးနှင့်ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (Tourism Authority of Thailand – TAT) မှ Governor နှင့်တွေ့ဆုံ၍ ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့အပြင် ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ information counterတွင်လည်း နိုင်ငံတကာခရီးသွားဧည့်သည်များမှ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးစဉ်ဒေသများအကြောင်း လာရောက်မေးမြန်းမှုများကိုလည်း ကူညီဖြေကြားဆောင်ရွက်ပေးခဲ့ပါသည်။


