Loading

6 November, 2023 _________ MTF
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦး‌ဆောင်မှုတို့ဖြင့် Trust Tourism & Hospitality သင်တန်းကျောင်းမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး အစရှိသော မြို့ကြီးများတွင် ASEAN National Trainer နှင့် ASEAN National Assessor သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည့်ကိစ္စရပ်များ ရှင်းလင်းတင်ပြရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ Trust Tourism & Hospitality Consultantသင်တန်းကျောင်းအုပ် ဦးကျော်စွာမှ လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် သုတေသနနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံပြီး လိုအပ်သည်တို့အား ညှိနှိုင်းဆွေးနွေးကာ အဖွဲ့ချုပ်သို့ အသင်းဝင်နိုင်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။