မြန်မာ့စားသောက်ကုန်နှင့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖေးလုပ်ငန်းဆိုင်ရာ (၄)ကြိမ်မြောက် ပြပွဲကြီးကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ အင်းယားကန်ဟိုတယ်ဝင်းအတွင်းရှိ YCC ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ပြပွဲကြီးတွင် စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖေးသုံးပစ္စည်းများ၊ ပန်းကန်ခွက်ယောက်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် စားသောက်ကုန်များ၊ ကော်ဖီအမျိုးမျိုး၊ လက်ဖက်နှင့် အဖျော်ယမကာများကို ပြသရောင်းချသွားမည်ဖြစ်သည်။
ပြပွဲကြီး ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအသင်း (MTHRDA) တို့က Supporting Organizations များအဖြစ် ပါဝင်ထားကြသည်။ MTHRDA ၏ စီစဉ်မှုဖြင့် နာမည်ကျော် Chef များ၏ လက်တွေ့ချက်ပြုတ်ပြသမှုများနှင့် သင်တန်းသားလူငယ်များ၏ အရည်အချင်းပြပြိုင်ပွဲများကို (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထိုပြပွဲကြီးနှင့်အတူ (၁၀)ကြိမ်မြောက် မြန်မာ့နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြပွဲကြီး Agri Tech Myanmar Expo နှင့် Myanmar-China Trade and Investment Expo တို့ကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ ပြခန်းဆိုင်ခန်းပေါင်း (၁၈၀) ကျော် ပါဝင်ပြသကြမည်ဖြစ်သည်။
ပြပွဲနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက Silver Sea Event Management
☎️ 09 409 4000 55, 09 409 4009 66, 09 409 4000 77 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



