13 Aug 2026 ________ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် (MTF) ၏ ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (Constitution) အသစ်နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ညီနောင်အသင်းများမှ ပေးပို့လာသည့် ကိုယ်စားလှယ်အမည်စာရင်းများ စိစစ်အတည်ပြုရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကိုယ်စားလှယ်စာရင်းများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အသင်းကိုယ်စားလှယ်အဖြစ် တရားဝင်ပေးပို့ခြင်းနှင့် တစ်ဦးချင်းအရည်အချင်းအရ ပါဝင်ခြင်းတို့ကို ခွဲခြားသတ်မှတ်ရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတက်ရောက်မှု ပိုမိုကောင်းမွန်စေရေးအတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လုပ်ငန်းအပေါ် စိတ်ပါဝင်စားသူများကို ဦးစားပေးရန်နှင့် စည်းကမ်းပိုင်းဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ယခင်နှင့် လက်ရှိကိုယ်စားလှယ်စာရင်းများကို စိစစ်နှိုင်းယှဉ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (EC) သို့ တင်ပြအတည်ပြုချက် ရယူပြီး ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအသစ်နှင့်အညီ လုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

