၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ ၁၀ ရက်အထိ _____ မိုင်းတွမ်းတောင်ပေါ်၊ အူးဖူဒေ့အာခါကျေးရွာ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့ကျေးရွာ၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်နှင့် အူးဖူဒေ့ကျေးရွာ တည်ခြင်းနှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အာခါရိုးရာ စုပေါင်း “ရဲခူအာဖွေ” ဒန်းစီးပွဲတော်သည် အာခါတိုင်းရင်းသားများ၏ ထူးခြားမွန်မြတ်သည့် ရိုးရာဓလေ့ပွဲတော်တစ်ရပ်ဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်းရှိ အာခါမျိုးနွယ်စု တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ စည်းလုံးညီညွတ်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းပွဲတော်သည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရေးနှင့် ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသည့် ပွဲတော်တစ်ရပ်ဖြစ်ကြောင်း သိရသည်။




