13 August 2026 ______ Hybrid Meeting
ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ၏ (၄/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လတွင် ကျင်းပခဲ့သော ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များလည်း စိတ်ပါဝင်စားစွာ ပါဝင်တက်ရောက်ခဲ့ကြသည့် “MSMEs ” လက်ဖက်ရည်စကားဝိုင်း ဆွေးနွေးပွဲ၏ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် လိုင်စင်နှင့် အခွန်ဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေလျှော့ပေးရေး၊ MSME လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများ ရရှိနိုင်ရေးနှင့် AI နည်းပညာ အသုံးချနိုင်ရေး၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ လွယ်ကူမြန်ဆန်စေရေး One Stop ဝန်ဆောင်မှုစနစ် ဖော်ဆောင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကော်မတီအနေဖြင့် ၄ နှစ်စာ Action Plan ရေးဆွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ MSME အေဂျင်စီများ ပူးပေါင်း၍ ခရီးသွားကဏ္ဍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။