Loading

14 January 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ Myanmar Tourism Fair 2025 (MTF 2025) ကျင်းပသွားနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များအာလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါကြောင်း၊ ယနေ့အထူးအစည်းအဝေးခေါ်ယူခြင်းမှာ Myanmar Tourism Fair 2025 ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးဖို့ဖြစ်ပါကြောင်း၊ ပြပွဲအောင်မြင်နိုင်ရေး ညီနောင်အသင်းများနှင့် Industry အတွင်းရှိသူများအနေဖြင့် တာဝန်ကိုယ်စီယူ၍ ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ခရီးသွားပြပွဲ ကျင်းပရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးမင်းသိန်းမှ ခရီးသွားပြပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ခန့်မှန်း Budget အား တင်ပြဆွေးနွေးခြင်း၊ ပြခန်းနေရာ ရွေးချယ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ဖိတ်ကြားသွားမည့်အစီအစဥ်များနှင့် အဓိကဖိတ်ကြားမည့် Seller၊ Buyer များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ Emerging market အသစ်များအပေါ် Target ထားပြီး ဖိတ်ခေါ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ တည်းခိုဧည့်ခံရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ စီစဥ်ဆောင်ရွက်သွားမည့်အစီအစဥ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခြင်း၊ ပြပွဲအောင်မြင်နိုင်ရေးအတွက် အမြန်ဆုံး ကော်မတီဖွဲ့စည်း၍ ကဏ္ဌအလိုက် ကျွမ်းကျင်သူများ ပါဝင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များအား တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၁)ရီတွင် ရုတ်သိမ်းလိုက်သည်။