Workshops & Conferences

“The Importance of Biodiversity Conservation & the Role of Ecotourism in Myanmar” ခေါင်းစဉ်ဖြင့် Webinar ကျင်းပ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ၏ အသင်းသားရေးရာကော်မတီမှ စီစဉ်သည့် “The Importance of Biodiversity Conservation & the Role of Ecotourism in Myanmar” ခေါင်းစဉ်ဖြင့် Online Webinar ကို ၂၀၂၆ခုနှစ်၊ ဖေဖေါ် ဝါရီလ (၁၀)ရက်နေ့၊ နေ့လယ်(၁)နာရီတွင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ အသင်းသားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ရှမ်းရိုးမခရီးသွားလုပ်ငန်းကုမ္ပဏီ Managing Director ဦးလှအေး၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ခရီးသွားလုပ်ငန်းရှင်များ၊ ကျောင်းသားလူငယ်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
အဖွင့်အမှာစကားအပြီးတွင် ဦးလှအေးက PowerPoint Presentation ဖြင့် ရှင်းလင်းတင်ပြရာတွင် …See more

■ (၅၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း
17 – 20 November _____ Ninh Binh, Vietnam
ဗီယက်နမ်နိုင်ငံ၊ နင့်ဘင်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၅၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသ (Greater Mekong Subregion) ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌနှင့် ညီနောင်အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ GMS နိုင်ငံများ ကိုယ်စားပြု နိုင်ငံတကာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများစွာ ပါဝင်တက်ရောက်ခဲ့ကြပြီး မဟာမဲခေါင် ခရီးသွားလုပ်ငန်းမဟာဗျူဟာ ၂၀၃၀ (GMS Tourism Strategy 2030) အား အကောင်အထည်ဖော်ရန် See more

■ (၂၆)ကြိမ်မြောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကိုယ်စားလှယ်များတက်ရောက်ခြင်း
7 – 13 November 2025 _____ Riyadh, Saudi Arabia
(၂၆)ကြိမ်မြောက် ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) အထွေထွေညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်တို့ တက်ရောက်ခဲ့ကြသည်။ ညီနောင်အသင်းများဖြစ်ကြသော …See more

■ Setting Up the Hsithe Community Based Village ခေါင်းစဥ်ဖြင့် အွန်လိုင်းဟောပြောပွဲကျင်းပခြင်း
13 August 2025 _____ Webinar
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အသင်းသားရေးရာကော်မတီမှဦးစီး၍ မြန်မာနိုင်ငံရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းစဥ်လာများ၊ သဘာဝနှင့် ယဥ်ကျေးမှုသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်အကြံပေးပုဂ္ဂိုလ် ဦးဘုန်းသန့်မှ “Setting Up the Hsithe Community Based Tourism Village” ခေါင်းစဥ်ဖြင့် …See more

■ “The Perspective of Marine Ecotourism in Myanmar” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကျင်းပခြင်း
28 June 2025 ________ Webinar
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အွန်လိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး ပင်လယ်ဂေဟစနစ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အကြောင်းအရာများကို Shan Yoma Travel & Tours Co., Ltd. ၏ မန်းနေဂျင်းဒါရိုက်တာ ဦးလှအေးက Presentation ဖြင့် ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် ဂေဟစနစ် ခရီးသွားလုပ်ငန်း၏ အခြေခံမူများနှင့် …See more

 မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ

July 21, 2023 _________ Kumudra Ball Room, Hotel Max, Nay Pyi Taw
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ(၂၁)နေ့က နေပြည်တော်ရှိ Hotel Max ၊ Kumudra Ballroom ၌ ကျင်းပရာ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ …See More

 

ဒုတိယနေ့ အလုပ်ရုံဆွေးနွေးပွဲ

July 10, 2023 _____________ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ဒုတိယမြှောက်နေ့အဖြစ်  ယနေ့  ၁၀.၇.၂၀၂၃ရက်နေ့တွင် Virtual Meetingဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် …See More

အလုပ်ရုံဆွေးနွေးပွဲ

July 6, 2023 _____________  Hybrid Meeting, MTF
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ၆.၇.၂၀၂၃ရက်နေ့တွင် အဖွဲ့ချုပ်ရုံး၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိသူများ၊ ခရီးသွားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး ပုဂ္ဂလိက ကဏ္ဍမှ …See More

First China-Myanmar Tourism Cooperation Forum at MICC-2, Nay Pyi Taw

Opening Ceremony of First China-Myanmar Tourism Cooperation Forum at MICC-2, Nay Pyi Taw.  A China-Myanmar tourist cooperation forum, co-hosted by the China National Tourism Administration (CNTA), Myanmar Ministry of Hotels and Tourism, Chinese Embassy in Myanmar and China’s Yunnan provincial government, will be… See More

Contact Us

No.4, Corner of Merchant Road & Sandaku Road, 3 Ward, Botahtaung Township, Yangon, Myanmar.
Tel : +95 1 203861, 203862
Fax : +95 1 203863
Email : info@mtf.org.mm

Int'l volunteers

Careers

AGM

Other Tourism Sites

www.tourism.gov.mm
www.myanmar.travel
www.visitmyanmar.cn