21 July 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် Min Myanmar Research အဖွဲ့တို့ ယမန်နေ့ နေ့လည် (၁)နာရီတွင် Hybrid စနစ်ဖြင့် တွေ့ဆုံရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လူ့စွမ်းအားအရမ်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် On campus သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ခရီးသွား သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး Min Myanmar Research အဖွဲ့မှ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်မင်းမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ presentation ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။

