24 July 2025 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ၏ (၁/ ၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ယခင်အစည်းအဝေး (၄/၂၀၂၄)၏ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ဖတ်ကြားတင်ပြခြင်း၊ ခရီးသွားဒေသများ၏ နောက်ဆုံးရ သတင်းအချက်အလက်များ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြနိုင်မည့် website တစ်ခုတည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ Digital Marketing ကျွမ်းကျင်ဝန်ထမ်းများ ရှာဖွေ ခန့်ထား ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ Destination product development အတွက် သက်ဆိုင်ရာ နယ်ပယ်မှ တာဝန်ရှိသူများနှင့် ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း စသည်တို့အား တက်ရောက်လာကြသူများမှ ညှိနှိုင်းဆွေးနွေးပြီး အစည်းအဝေးအား နံနက် (၁၁း၃၀)နာရီတွင် ရုတ်သိမ်းလိုက်သည်။

