26 August 2025 _____ Chatrium Hotel, Yangon
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံခြင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ် (၂)နာရီတွင် Chatrium Hotel တွင် ကျင်းပပြုလုပ်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ( Tourism Board of Myanmar) ဖွဲ့စည်းနိုင်ရေး ဦးစွာရှင်းလင်းတင်ပြပြီး ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါက်တာလူမွန်မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်ရန် Powerpoint Presentation ဖြင့် အကြံပြုရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း (Myanmar Tourism Master Plan 2026-2030) ရေးဆွဲခြင်းနှင့်ပတ်သက်၍ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် အကြံပေး ဒေါ်ကြည်ကြည်အေးမှ ဆောင်ရွက်ဆဲအခြေအနေများနှင့်ပတ်သက်၍ Powerpoint Presentation ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်ပြီး ဗဟိုအလုပ်အမှုဆောင်များက လိုအပ်သည်များအား ဖြည့်စွက်အကြံပြုတင်ပြကာ ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့ မှ တင်ပြလာမှုများအပေါ် ပြန်လည် ညှိနှိုင်းဆွေးနွေးပြီး အစည်းအဝေးအား ညနေ (၅း၃၀)နာရီတွင် ရုတ်သိမ်းလိုက်သည်။






