29 August 2025 _____ Hybrid Meeting
၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်၊ နံနက် (၁၁)နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏စီစဉ်မှုဖြင့် SME Development Bank မှ Chief Business Officer ဦးအောင်ကိုကိုလွင် နှင့် အဖွဲ့ဝင်(၄)ဦးတို့သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သို့ လာရောက်တွေ့ဆုံရာ အဖွဲ့ချုပ် အသင်းသားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများက Hybrid စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားပြီး SME Development Bank ၏ Chief Business Officer ဦးအောင်ကိုကိုလွင်မှ ယခုလို တွေ့ဆုံပွဲအား အွန်လိုင်းရော၊ လူကိုယ်တိုင်ပါ တက်ရောက်ပေးကြသည့်အတွက် ဦးစွာကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့ချုပ်နှင့် SME Development Bankတို့အကြား ခင်မင်ရင်းနှီးမှုရအောင် ပထမဆုံးအဖြစ် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး presentation ဖြင့် SME Development Bank ဖြစ်ပေါ်လာပုံနှင့် products များအကြောင်း၊ လက်ရှိပေးနေသည့် ဝန်ဆောင်မှုများအကြောင်း စသည်တို့အား ရှင်လင်းတင်ပြခဲ့သည်။ တက်ရောက်လာကြသူများမှ သိလိုသည်များအား ပြန်လည်မေးမြန်းကာ အစည်းအဝေးအား မွန်းလွဲ (၁၂း၃၀)တွင် ရုတ်သိမ်းလိုက်သည်။