17 September 2025 _____ Hybrid Meeting
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် Min Myanmar Research Services တို့ပူးပေါင်းဖွင့်လှစ်မည့် Foundation and Coaching for Tourism Market Research သင်တန်းအား တာဝန်ယူပို့ချမည့် Min Myanmar Research Services နှင့် ၁၇.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီတွင် Hybrid စနစ်ဖြင့် တွေ့ဆုံရာ သင်တန်းကိစ္စရပ်များဖြစ်ကြသော သင်ရိုးညွှန်းတမ်းကိစ္စရပ်များ၊ budget ကိစ္စရပ်များ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးကိစ္စရပ်များအား နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရန် နာလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသင်တန်းအား စက်တင်ဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့ထိ အပတ်စဥ် စနေ၊ တနင်္ဂနွေရက်များတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ Min Myanmar Research Services မှ မန်းနေဂျင်းဒါရိုက်တာ ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်တို့ တက်ရောက်ခဲ့ကြသည်။