Loading

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်၊ China Dialy နှင့် Resources Venture International Publication Services (RVIPS)တို့ ပူးပေါင်းစီစဥ် ကျင်းပခဲ့သော”Myanmar Run 2019 In BAGAN “အပြေးပြိုင်ပွဲကြီးကို ၂၀၁၉ခုနှစ်၊ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပုဂံမြို့ ၊ အနန္ဒာဘုရား တောင်ဘက်မုဒ်၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူ၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကြည်သိန်းကိုနှင့် ညီနောင်အသင်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊ နံနက် ၀၆ :၂၀ နာရီတွင် တာဝန်ရှိသူ များက နိုင်ငံတော်အလံအားဝှေ့ရမ်း၍ ပြိုင်ပွဲဝင်များက တာလွှတ်ပေးခဲ့ ပါသည်။
အပြေးပြိုင်ပွဲတွင် ၁၀ ကီလိုမီတာ နှင့် ၅ ကီလိုမီတာတန်း နှစ်ခု အတွက် ဆုပေါင်း ၂၄ မျိုးနှင့် ပါဝင်ယှဥ်ပြိုင်သူ အပြေးသမား များအားလုံးကို Completion Medal များအား တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့ပါသည်။အပြေးပြိုင်ပွဲတွင်နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင်နိုင်ငံခြားသား ၇၄ဦး၊ ပြည်တွင်းမှ ၁၉၀ ဦး၊စုစုပေါင်း ၂၆၄ ဦးပါဝင်ယှဉ်ပြိုင် ဆင်နွဲခဲ့ကြပါသည်။