5 December 2025 _______ Hybrid System
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ( ၅ )ရက်၊ နေ့လယ် (၁၁း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားကာ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီအနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေစဥ် အခက်အခဲတစ်စုံတစ်ရာရှိလာပါက ဆက်သွယ်နိုင်မည့် Hot line channel တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ထို့အပြင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ICT နည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့အကူအညီတောင်းခံနိုင်ရန် ရေးဆွဲ အသုံးပြုနေသော 191 Report Application အား ဦးစွာလေ့လာပြီး ခရီးသွားလုပ်ငန်းတွင် ပြန်လည်အသုံးချနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံသွားရေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကာ အစည်းအဝေးအား မွန်းလွဲ ၁၂း၃၀တွင် ရုပ်သိမ်းလိုက်သည်။