10 December 2025 ____ Virtual Meeting
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ MSME ဆပ်ကော်မတီအား စနစ်တကျလေး သွားလိုသည့်အတွက် Terms of Reference – TOR မူကြမ်းကို အဖွဲ့ဝင်များ၏ အကြံပြုချက်များရယူကာ လိုအပ်သည်များကို ဆက်လက်ဖြည့်စွက်ပြင်ဆင်ရန် ညှိနှိုင်းဆွေးနွေးခြင်း၊ လုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော လုပ်ငန်းအဖွဲ့များဖွဲ့စည်းသွားရန် ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီ၏ ရေရှည်လုပ်ငန်းစဉ်များအား ဗဟိုအစည်းအဝေးတွင် တင်ပြသွားရန် ညှိနှိုင်းဆွေးနွေးခြင်းစသည့်တို့အား အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကာ အစည်းအဝေးအား ၁၁း၃၀ နာရီတွင် ရုပ်သိမ်းလိုက်သည်။