6 January 2026 ______ Virtual Meeting
Myanmar Tourism Supper App ပူးပေါင်းဆောင်ရွက်ရေး J MAX Co., Ltd.နှင့် တွေ့ဆုံခြင်းအစည်းအဝေးအား ယမန်နေ့ နေ့လယ်(၂)နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ J Max Co., Ltd. မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအတွင်း Myanmar Tourism Super App ၏ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသေးစိတ်တင်ပြခဲ့ပြီး၊ ခရီးသွားများ ကြုံတွေ့နေရသည့် ဝန်ဆောင်မှုယုံကြည်စိတ်ချရမှု၊ အရေးပေါ်တုံ့ပြန်မှု အားနည်းခြင်းနှင့် သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကို ဖြေရှင်းနိုင်မည့် Digital Platform တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ရည်ရွယ်ကြောင်း J Max Co., Ltd. တာဝန်ရှိသူမှ Presentation ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဖွဲ့ချုပ် ဘက်မှလည်း အဆိုပါစီမံကိန်းကို ကြိုဆိုပါကြောင်း၊ အဆိုပါ Application ဖော်ဆောင်ရာတွင် မိတ်ဖက်အဖြစ် ပါဝင်ပံ့ပိုး ပေးနိုင်ပါကြောင်း၊ ထို့အပြင် ခရီးသွားဧည့်သည်အများဆုံးသွားရောက်လည်ပတ်သည့် နေရာများတွင် Visitor Management စနစ် ထည့်သွင်းရန်တို့အား အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၃း၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။