8 January 2026 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ၏ (အ-၁၀/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်တို့ တက်ရောက်ခဲ့ကြသည်။

အစီအစဥ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှုးမှ ဖတ်ကြားတင်ပြခြင်း၊ ဆက်လက်ပြီး အလုပ်အမှုဆောင်ကော်မတီမှ တင်ပြဆွေးနွေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် Ayeyarwady Tourism အဖွဲ့အစည်း ဖွဲ့စည်းမည့်ကိစ္စဆွေးနွေးခြင်း၊ လစ်လပ်နေသည့် မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ တာဝန်ခန့်အပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စဆွေးနွေးခြင်း၊ အဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံစည်းမျဥ်းပြင်ဆင်ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်း၊ ညီနောင်အသင်းများမှ သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများတင်ပြဆွေးနွေးခြင်း၊ အမြဲတမ်းကော်မတီများက သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများတင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ လိုအပ်သည်များ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁)နာရီတွင် ရုပ်သိမ်းလိုက်သည်။