2 February 2026 _____ Virtual Meeting
၂၀၂၆ ခုနှစ်၊ ဧပြီလတွင် Elite 11 Group မှ ကြီးမှူးကျင်းပမည့် Yangon Heritage Night Run 2026 အား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့် ပူးပေါင်းကာ ခမ်းနားစည်ကားစွာကျင်းပနိုင်ရေး Elite 11 Group မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီနှင့် အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံရာ အဖွဲ့ချုပ် ခရီးသွားကဏ္ဍ MSMEs လုပ်ငန်းများ ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် Elite 11 Group မှ ဥက္ကဋ္ဌ ဦးဇော်ရဲနိုင်က ရန်ကုန်မြို့၏ သမိုင်းဝင်အဆောက်အဦးများဖြစ်သော ကမ်းနားလမ်း (Strand Road)၊ ဝန်ကြီးများရုံးအနီးနှင့် Heritage Hotel ဧရိယာများကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အားကစားခရီးသွားလုပ်ငန်း (Sport Tourism)၏ အလားအလာကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မာရသွန်အပြေးပြိုင်ပွဲ သီးသန့်မဟုတ်ပဲ မိသားစုများအပါအဝင် Fitness Level ရှိသည့် မည်သူမဆို ပါဝင်နိုင်သည့် Fun Run ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အား Co-Organizer အနေဖြင့် ပူးပေါင်းပါဝင်ပေးရန် ဖိတ်ခေါ်လိုပါကြောင်း စသည်တို့အား ရှင်းလင်းတင်ပြပြီး ပြိုင်ပွဲကျင်းပရေး စီစဥ်ထားရှိမှုတို့အား Elite 11 Group မှ ကိုနဂါးလေး က Presentation ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
အဖွဲ့ချုပ်မှ Co-Organizer အနေဖြင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လာခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ MoU လက်မှတ်ရေးထိုးခြင်းနှင့် လုပ်ငန်းစဥ်များကို အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် Timeline သတ်မှတ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာကြသူများမှ သိလိုသည်များအား မေးမြန်းကာ အစည်းအဝေးအား ညနေ (၅း၃၀)တွင် ရုတ်သိမ်းလိုက်သည်။