11 February 2026 _____ MTF
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပါသော ဂျပန်ဈေးကွက်ကို ပြန်လည်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအသင်း (Myanmar-Japan Tourism Development Association – MJTDA) ကို ဖွဲ့စည်းတည်ထောင်ထားသည်။
MJTDA အသင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) သို့ လာရောက်တွေ့ဆုံခဲ့ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များမှ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် – မြန်မာ-ဂျပန် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အသင်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းရေး၊ အဖွဲ့ချုပ်၏ မူဝါဒများနှင့် ကိုက်ညီစေရေးတို့ကို အဓိက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။