Loading

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ(၇)ရက် _______________ မင်္ဂလာခန်းမ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။
မိုခါမုန်တိုင်း လေဘေးဒဏ်သင့်ပြည်သူများအတွက် ဒုတိယအကြိမ် အလှူငွေလှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းကို ဇူလိုင် (၇)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ  မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော စားရေရိက္ခာများ၊ ပြည်လည်ထူထောင်ရေးအတွက် တည်ဆောက်ရေးပစ္စည်းများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ်သိန်း (၃၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူခဲ့ပြီး ပြန်လည်၍ အထွေထွေအတွင်းရေးမှုးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူခဲ့ပါသည်။
ထို့နောက် မိုခါမုန်တိုင်းသဘာဝဘေးဒဏ်သင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေရုံးခွဲမှ ဝန်ထမ်းမိသားစုများအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ထောက်ပံ့ငွေ ငွေကျပ် (၁၅၀၀၀၀၀၀ိ)သိန်း (ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်တိတိ)ကို ၁၃.၆.၂၀၂၃ ရက်နေ့တွင် ထပ်မံလှူဒါန်းခဲ့ပါသည်။