Loading

နေပြည်တော်၊ ဩဂုတ်လ (၁၈)ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံပွဲအခမ်းအနားအား ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ၁၈.၈.၂၀၂၃ရက်နေ့ နေ့လည် (၁)နာရီတွင်ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ဒုဥက္ကဌများ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ အထွေထွေအတွင်းရေးမှူးမှ အဖွဲ့ချုပ်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ အဖွဲ့ချုပ်ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များ၊ လက်ရှိပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ညီနောင်အသင်းများ၊ ဘဏ္ဍာရေးအခြေအနေများ၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် လုပ်ငန်းအဖွဲ့များ၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၏လက်ရှိ လှုပ်ရှားဆောင်ရွက်မှုများ၊ ရှရှားခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိဆောင်ရွက်နေမှုများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေး‌နွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေမှုများ၊ ဦးစားပေးဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းများအား တင်ပြခဲ့ပြီး ညီနောင်အသင်းများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။

မှတ်တမ်းဓါတ်ပုံများ