Loading


၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၄)ရက်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏  ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားအား (၁၄.၁၀.၂၀၂၃) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါရွေးချယ်တင်မြောက်ပွဲတွင် (၁၃.၉.၂၀၂၃) ရက်နေ့အထိ အသင်းဝင်လျှောက်ထားလာသည့် အသင်းသားများအား အမှုဆောင်အဖြစ် ပါဝင်အဆိုပြုနိုင်ရန် ဖိတ်ကြားသွား မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင် အမှုဆောင်အဖြစ်ပါဝင်အဆိုပြုရွေးချယ်ခံလိုသည့် အသင်းသားများအနေဖြင့် (၁၃.၉.၂၀၂၃) ရက်နေ့ နောက်ဆုံးထားအသင်းဝင်ပေးနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။ (၁၃.၉.၂၀၂၃) ရက်နေ့နောက်ပိုင်း လျှောက်ထားလာသည့် အသင်းဝင် များအနေဖြင့် အဖွဲ့ချုပ်၏ အမှုဆောင်အသစ်သက်တမ်းတွင် အသင်းသားအဖြစ်သာ ပါဝင်နိုင်မည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်