Loading

September 15,2023 ________ MTF
အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့(၁၅.၉.၂၀၂၃)၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တွင် (Hybrid)ကျင်းပရာ အလုပ်အမှုဆောင်‌ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးဗဟိုကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးမှ ရွေးကောက်ပွဲဆိုင်ရာ ရွေးချယ်တင်မြှောက်မည့်နည်းလမ်းများ၊ ဆန္ဒမဲပေးမည့်စနစ်များ၊ အဆိုပြုလွှာပုံစံများစသည်တို့အား ရှင်းလင်းတင်ပြပြီး အသင်းသားရေးရာစိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ ၁၃.၉.၂၀၂၃ရက်နေ့ထိ အသင်းဝင်ရရှိမှုအခြေအနေများအား တင်ပြခြင်း၊ အသင်းဝင်အရေအတွက်ပေါ်မှုတည်၍ အလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် စီမံခန့်ခွဲရေးရာထူးတာဝန်များ အင်အားသတ်မှတ်ခြင်းဆိုရာကိစ္စရပ်များအား တက်ရောက်လာကြသော ရွေးကောက်ပွဲကျင်းပရေးဗဟိုကော်မတီဝင်များမှ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
၄င်းနောက် စက်တင်ဘာလ(၂၇)ရက်နေ့၊ နေပြည်တော်တွင် ကျင်ပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ပြပွဲအခမ်းအနားတွင် ပါဝင်ပြသကြမည့် ညီနောင်အသင်းများနှင့် ပြသမည့်အစီအစဥ်အသေးစိတ်တို့အား သီးခြားအစီအစဥ်အနေဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။