20 May 2026 _____ Inya Lake Hotel
Silver Sea International Ltd. မှ ကြီးမှူးကျင်းပမည့် (၄) ကြိမ်မြောက် မြန်မာ့စားသောက်ကုန်ဆိုင်ရာပြပွဲ (Food & Beverage Myanmar 2026) နှင့် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကဖီးလုပ်ငန်းဆိုင်ရာပြပွဲ (HoReCa Myanmar 2026) တို့အတွက် Supporting Organization အဖြစ် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲကို ယမန်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Inya Lake Hotel ၏ Grand Ballroom တွင် မွန်းလွဲ ၁:၀၀ နာရီ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဉ်အရ Silver Sea International Ltd. မှ ပြပွဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် MOU လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။




