Loading

13 December 2023 _______ Hybrid Meeting
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သုတေသနနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နှစ်တာ လုပ်ဆောင်သွားမည့် အစီအစဥ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လိုအပ်နေသည့် HRD ဆိုင်ရာကိစ္စရပ်များအား စစ်တမ်းများကောက်ယူသည့် သုတေသနလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးခြင်းနှင့် တက်ရောက်သူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ အစည်းအဝေးအား နေ့လယ် (၂း၃၀)တွင် ပြီးဆုံးခဲ့သည်။