Loading

14 December 2023 _____ Hybrid Meeting
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ယနေ့ နံနက် (၉း၃၀) နာရီ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သတင်းနှင့် ပြန်ကြားရေးကော်မတီ၏ (၂/၂၀၂၃)အကြိမ်မြှောက် အစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ သတင်းထုတ်ပြန်ရာတွင် လွယ်ကူလျှင်မြန်စေရန် အဖွဲ့ချုပ်၏ ဝက်ဆိုဒ်အား အဆင့်မြှင့်တင်နိုင်ရေး ဆွေးနွေးခြင်း၊ အဖွဲ့ချုပ်၏ လှုပ်ရှားမှုသတင်းများအား မြန်မာ – အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်နိုင်ရေး ဆွေးနွေးခြင်း၊ ညီ‌နောင်အသင်းဝင်များနှင့် အဖွဲ့ချုပ်ကော်မတီများ၏ လှုပ်ရှားဆောင်ရွက်မှုများအား အချိန်နှင့်တပြေးညီ သတင်းများထုတ်ပြန်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် တက်ရောက်သူများမှ ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်။