Loading

15 December 2023 ______ Hybrid Meeting
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီတွင် အဖွဲ့ချုပ်၏ အသင်းသားရေးရာကော်မတီ (၃/၂၀၂၃)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစီအစဥ်အရ လက်ရှိအသင်းဝင်အင်အား စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ (၂/၂၀၂၃)ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများအား တင်ပြခြင်း၊ ကော်မတီ၏ အသင်းဝင်လက်ခံရေး လုပ်ငန်းစဉ်၊ ကော်မတီ၏ Charter နှင့် အလုပ်အမှုဆောင် အဖွဲ့၏ ကျင့်ဝတ်စည်းမျဉ်း တို့ကို အတည်ပြုခြင်း၊ networking event များ ကျင်းပနိုင်ရေး၊ လေ့လာရေးခရီးများ အကော်အထည်ဖော်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်ကြသူများမှ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၂)နာရီတွင် ပြီးဆုံးခဲ့သည်။