Loading

15 December 2023 _____________ Virtual Meeting
တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် တရုတ်နိုင်ငံရှိ မီဒီယာများ၊ Influencer များ၊ Blogger များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip- FAM Trip) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ Hybrid စနစ်ဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလာ (၁၅) ရက်နေ့ နေ့လည် (၂)နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တရုတ်ခရီးသွားလုပ်ငန်းအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပို့ဆာာင်ရေး လုပ်ငန်းစဥ်များအား တင်ပြဆွေးနွေးခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနမှတာဝန်ရှိသူများ၊ ခရီးစဥ်တလျှောက်သက်ဆိုင်ရာ ဝန်ကြီးဌာနရုံးခွဲများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။