Loading

19 December 2023 _____ Virtual Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၂/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် (၁၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ အားလုံး တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ (၃၀.၁၁.၂၀၂၃)ရက်နေ့အထိ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးမှ ရှင်လင်းတင်ပြခြင်း၊ ပထမအကြိမ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ အဖွဲ့ချုပ်ကော်မတီများ၏ ကော်မတီ တစ်ခုချင်းအလိုက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးရာတွင် ပထမဦးစွာ အသင်းသားရေးရာကော်မတီမှ လက်ရှိအသင်းဝင်စာရင်းတင်ပြခြင်းနှင့် တစ်သီးပုဂ္ဂလကျွမ်းကျင်ပညာရှင်အနေဖြင့် အသင်းဝင် လျှောက်ထားလာသည့် အသင်းဝင်သစ်များအား လက်ခံနိုင်ရေး အသင်းသားရေးရာ စည်းမျဥ်းစည်းကမ်းများနှင့်အညီ ညှိနှိုင်း ဆွေးနွေးကြပြီး အထွေထွေအတွင်းရေးမှုးမှ အစည်းအဝေးတက်ရောက်လာသော အလုပ်အမှုဆောင်များအား ကန့်ကွက်မည့်သူ ရှိ မရှိ ၃ ကြိမ်မေးမြန်းပြီး ကန့်ကွက်မည့်သူမရှိသည့်အတွက် အသင်းဝင်အဖြစ် ဖတ်ကြားအတည်ပြုခြင်း၊ ဘဏ္ဍာငွေတိုးပွားရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေးကော်မတီ ဥက္ကဌမှ ရှင်းလင်းတင်ပြခြင်း၊ သုတေသနနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လိုအပ်နေသည့် HRD ဆိုင်ရာကိစ္စရပ်များအား စစ်တမ်းများကောက်ယူသည့် သုတေသနလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်မည့်အစီအစဥ်များအား ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြုပ်နှံမှုကော်မတီမှ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေးကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီနှင့် အနုညာတနှင့် ဥပဒေရေးရာကော်မတီတို့မှ ၄င်းတို့ ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ကော်မတီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်ကြသူများမှ ကော်မတီများ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ နေ့လယ် (၂း၃၀) နာရီတွင် အစည်းအဝေးပြီးဆုံးခဲ့ပါသည်။