25 June 2026 ___ Virtual Meeting
ခရီးသွားကဏ္ဍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရန်နှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ MSMEs “လက်ဖက်ရည် စကားဝိုင်း” (Tea Talk) ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားအား ဇွန်လ (၃၀) ရက်နေ့တွင် UMFCCI ၌ ကျင်းပသွားမည်ဖြစ်ပြီး အဓိကဆွေးနွေးမည့် ခေါင်းစဉ်များဖြစ်သည့် –
(၁) မူဝါဒဆိုင်ရာ ကိစ္စရပ်များ (Policy Issues)
(၂) သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု (Stakeholder Engagement)
(၃) စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Capacity Building)
(၄) အရင်းအနှီးထောက်ပံ့မှု (Funding) တို့နှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အလားတူ “လက်ဖက်ရည် စကားဝိုင်း” (Tea Talk) ကို နှစ်ကြိမ် ကျင်းပသွားရန် စီစဉ်ထားပြီး၊ ယင်းစကားဝိုင်းများမှ ရရှိလာသည့် ရလဒ်များကို အခြေခံ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများ ပါဝင်သည့် စီမီနာ (Seminar) တစ်ရပ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် အချက်အလက်များကို အစီရင်ခံစာ (Report) အဖြစ် ပြုစုကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ပြီး၊ MSME ခရီးသွားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော မူဝါဒပိုင်းနှင့် ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

