3 July 2026 | Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့၏ (အ-၁၂/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ တက်ရောက်ခဲ့ကြသည်။အစီအစဉ်အရ အဖွဲ့ချုပ်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေးအခြေအနေကို ဘဏ္ဍာရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ယခင်အလုပ်အမှုဆောင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရုံးအဖွဲ့မှူးက ဖတ်ကြားတင်ပြခဲ့သည်။

ထို့အပြင် မြန်မာ-ဂျပန် ခရီးသွားဖွံ့ဖြိုးရေးအသင်း (MJTDA) ဖွဲ့စည်းနိုင်ရေးအတွက် အဖွဲ့ချုပ်၏ သဘောထားကို ညှိနှိုင်းဆွေးနွေးခြင်း၊ ITE Group နှင့် နားလည်မှုစာချွန်လွှာ (MoU) နှင့်ပတ်သက်၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ အမြဲတမ်းကော်မတီများက သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများကို ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အသီးသီးတင်ပြခဲ့ကြသည်။အထွေထွေဆွေးနွေးခြင်းအစီအစဉ်တွင် တက်ရောက်လာကြသူများက အိန္ဒိယနိုင်ငံ၊ ဂူရုဂရမ်မြို့ (Gurugram) ရှိ STIC Travel Group (STIC GSA Services Pvt. Ltd.) နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နေ့လယ် (၂) နာရီတွင် ရုတ်သိမ်းခဲ့သည်။