16 September 2026 _____ Hybrid Meeting
မြန်မာ့ခရီးသွားလုပ်ငန်းပြပွဲ ၂၀၂၇ (Myanmar Tourism Fair 2027) ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညီနောင်အသင်းများ ပါဝင်သည့် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆ စက်တင်ဘာ ၂၀၂၆ ရက်တွင် Hybrid Meeting ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ပြန်လည်မြှင့်တင်ရန်နှင့် နိုင်ငံတကာခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ပြပွဲကျင်းပရေးဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ပြပွဲအတွက် ခန့်မှန်းကုန်ကျစရိတ်များ၊ ကျင်းပမည့်နေရာနှင့် ဖိတ်ကြားမည့် နိုင်ငံတကာခရီးသွား Agency များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပွဲဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှု၊ အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များကို လာမည့်အစည်းအဝေးများတွင် အသေးစိတ် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။