Loading

31 May 2024 _______ Hybrid Meeting
၂၀၂၄ ခုနှစ်၊ မေလ (၃၁) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့/ စီမံခန့်ခွဲရေးကော်မတီ (ဗစ-၄/ ၂၃-၂၆) အစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့/စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ / အလုပ်အမှုဆောင်များ ပျက်ကွက် / နှုတ်ထွက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ အဖွဲ့ချုပ်၏ အမြဲတမ်းကော်မတီများမှ ၄င်းတို့ကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား ကော်မတီတာဝန်ရှိသူများမှ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ရုရှားနိုင်ငံနှင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းမှ ရရှိလာသည့် နိုင်ငံခြားငွေများအား ငွေပေးချေရာတွင် အဆင်ပြေစွာအသုံးပြုနိုင်ရေးဆွေးနွေးခြင်း၊ လူ့စွမ်းအားအရင်အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးခြင်း၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ပြန်ကြားပေးနိုင်ရေးဆွေးနွေးခြင်း စသည်တို့အား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၂း၃၀)တွင် ပြီးဆုံးခဲ့သည်။