Loading

19 June 2024 _______ Hybrid System
၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၁၉ ) ရက်နေ့၊ နံနက် (၉း၃၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဒစ်ဂျစ်တယ်စီးပွားရေးကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားကာ ယခင်ကျင်းပခဲ့သော(၁/၂၀၂၄) အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ပြီးစီးမှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းအား မြှင့်တင်ရာတွင် online platform အားအသုံးပြု၍ လိုအပ်သော website များနှင့် social media များတည်ဆောက်သွားရန် ဆွေးနွေးခြင်း၊ စိတ်ဝင်စားမှုရှိသော Digital Content များ Target အလိုက် ဖန်တီးသွားရန် ဆွေးနွေးခြင်း၊ အသုံးပြုမည့် ကုန်ကျစရိတ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ Digital Marketing ကျွမ်းကျင်သူခန့်ထား၍ လုပ်ငန်းများ မြှင့်တင်သွားရန် ညှိနှိုင်းဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် တက်ရောက်လာကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးကြပြီး အစည်းအဝေးအား နံနက် (၁၁း၃၀)တွင် ပြီးဆုံးခဲ့သည်။