Loading

19 June 2024 _______ Hybrid System
၂၀၂၄ ခုနှစ်၊ ဇွန်လ ( ၁၉ ) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် စကားပြောကြားကာ ယခင်ကျင်းပခဲ့သော(၂/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ပြီးစီးမှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်း၊ သတင်းများထုတ်ပြန်ရာတွင် မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာဖြင့် အမြန်ဆုံးထုတ်ပြန်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်နေသော website အား အဆင့်မြှင့်တင်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ညီနောင်အသင်းများနှင့် အဖွဲ့ချုပ် အသင်းဝင်များ၏ ဖော်ပြလိုသော သတင်းများ ရရှိနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ Myanmar HORECA 2024 ပြပွဲတွင် ပါဝင်ပြသနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဥ်း ပြင်ဆင်/ဖြည့်စွက်ရေးလုပ်ငန်းများတွင် ပါဝင်မည့် ကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့် အထွေထွေဆွေးနွေခြင်းတွင် တက်ရောက်ကြသူများမှ လိုအပ်သည်များအား အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် ၂း၀၀ နာရီတွင် ပြီးဆုံးခဲ့သည်။